ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၉-၆-၂၀၂၀)ရက်နေ့ ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ) (မကွေး) (၁၀၀၀၀/-)၊ ကျပ်  စျေးတက်ကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် (--၂၀၂၀) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (၅၀၀/-)  ကျပ် စျေးကျကာ ကုလားပဲ(929)  (၅၀၀/-)၊   ကုလားပဲ(HL) (၅၀၀/-) ၊  ပဲစဉ်းငုံ(သစ်) (၅၀၀/-)၊ ပဲစဉ်းငုံ (ဟောင်း) (၁၀၀၀/-)ကျပ်စျေးတက်ပြီးကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( --၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲလုံးဆံနီ (လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက မြေပဲဆီ(၅၀၀/-)စျေးကျပြီး စားအုန်းဆီ ၊ နှမ်းဆီစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။